ငွေရေးကြေးရေးနည်းပညာပိုင်း (Fintech) ပြိုင်ပွဲ “Pitching Day” ကျင်းပ

ရန်ကုန်၊ မြန်မာ – ကုလသမဂ္ဂ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (UNCDF)၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB Ventures အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ DaNa Facility က Fintech မြန်မာ ၂ဝ၂ဝ ပြိုင်ပွဲ (FCM2020) “Pitching Day” ကို နိုဝင်ဘာ ၁၉ ရက်နေ့က virtual စနစ်ဖြင့် ကျင်းပခဲ့ပါ သည်။ စကာတင်ပြိုင်ပွဲဝင် ၁၉ ဖွဲ့က ၎င်းတို့၏ အဆင့်မြင့်နည်းပညာ အဖြေရှာချက်များနှင့် စွမ်းဆောင်ရည်များကို ယှဉ်ပြိုင်ပြသခဲ့ပြီး fintech အဖွဲ့များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့များနှင့် စိတ်ပါဝင် စားသော ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ ကြပါသည်။

ယခုလ ၁၉ရက်နေ့က ကျင်းပခဲ့သည့် စွမ်းဆောင်ရည်ပြပွဲသည် ၂ဝ၂၁ ဧပြီလတွင် ကျင်းပရန် လျာထားသည့် သရုပ်ပြ ဗိုလ်လုပွဲ အတွက် အရေးပါသည့် နေ့တစ်နေ့ ဖြစ်ပါသည်။ သရုပ်ပြ ဗိုလ်လုပွဲတွင် စကာတင် ပြိုင်ပွဲဝင်များက fintech ပြဿနာများအပေါ် ၎င်းတို့၏ အဖြေရှာချက် များကို တင်ပြသွား မည်ဖြစ်ပါသည်။ ထို့နောက် အနိုင်ရရှိသူများကို ရွေးချယ်ဆုချီးမြှင့်ခြင်းကာ ပြိုင်ပွဲအစီအစဉ်ကို ပိတ်သိမ်း သွားပါမည်။

မြန်မာနိုင်ငံတွင် အများနှင့် အကျုံးဝင်သော ငွေရေးကြေးရေးဝန်ဆောင်မှု များကို မြှင့်တင်ရန်အလို့ငှာ တီထွင်ဆန်းသစ်မှုများ အားကောင်းလာစေ ရန် Fintech မြန်မာပြိုင်ပွဲကို ၂ဝ၂ဝနှစ်ဆန်းပိုင်းက စတင်မိတ်ဆက်ခဲ့ပါ သည်။ UK aid ၏ဘဏ္ဍာရေးပံ့ပိုးမှု၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (CBM) နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (MOPFI) မှ ငွေရေးကြေး ရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန (FRD) တို့၏ အနီးကပ် လမ်းညွှန်မှု တို့ဖြင့် Fintech မြန်မာပြိုင်ပွဲကို အကောင်အထည်ဖော် ဆောင်ရွက်ထား ပါသည်။

အဓိကဦးစားပေးနယ်ပယ်များဖြစ်သော ၁) MSME ငွေရေးကြေးရေး လုပ်ငန်း/ သမားရိုးကျလွန်ငွေချေးပုံစံ ၂) ဒစ်ဂျစ်တယ်နှင့် ငွေရေး ကြေးရေးဆိုင်ရာ တတ်သိနားလည်မှု ၃) အသေးစား အာမခံလုပ်ငန်း ၄) ဒစ်ဂျစ်တယ် ငွေလွှဲခြင်း ၅) ဒစ်ဂျစ်တယ်-KYC/ဒစ်ဂျစ်တယ် အထောက်အထား ၆) သဘာဝပတ်ဝန်းကျင် အကျိုးပြု ဘဏ္ဍာရေး အစရှိသည့် ခေါင်းစဉ် ၆ခုကို အခြေခံပြီး deep webinar များပြုလုပ်ပြီး နောက် ပြိုင်ပွဲ ကိုကျင်းပရခြင်းဖြစ်ပါသည်။ Deep webinar ၆ ပွဲကို စုစုပေါင်း တက်ရောက်သူ ၄၃ဝကျော် ပါဝင်ခဲ့ပြီး တစ်ပွဲလျှင် ပျမ်းမျှ အယောက် ၆ဝခန့် တက်ရောက်ခဲ့ကြပါသည်။

“Fintech မြန်မာ ၂ဝ၂ဝ ပြိုင်ပွဲ Pitching Day မှာ ဝင်ရောက်ယှဉ်ပြိုင်ပြသ ခဲ့တဲ့ နည်းပညာတွေကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ငွေရေး ကြေးရေး ဝန်ဆောင်မှုတွေမှာ ပြောင်းလဲမှုအသစ်တွေကို မြင်လာရပါပြီ။ ထိုးဖောက်ဝင်ရောက်လာတဲ့ နည်းပညာသစ်တွေရဲ့ အကျိုးဆက်ကို မြန်မာနိုင်ငံက မကြာမီ ခံစားလာရမှာ။ ဒါဟာမြန်မာလူမျိုးတွေအတွက် အလွန်ကောင်းတဲ့ ကိစ္စပါပဲ။ ကိုဗစ်-၁၉ ကပ်ရောဂါကို တုန့်ပြန့်ရင်ဆိုင်ရာ မှာလည်း fintech ကအရေးပါတဲ့ ကဏ္ဍမှာပါဝင်ပါတယ်။ နောက်နှစ် အနည်းငယ်အတွင်းမှာကိုပဲ ခင်ဗျားရဲ့ ဖုန်းဟာ ခင်ဗျားရဲ့ကိုယ်ပိုင် ဘဏ်တစ်ခု ဖြစ်လာတော့မှာပါ” ဟု DaNa Facility အကြီးတန်း ဘဏ္ဍာရေး အကြံပေး Tom Moyes က ပြောပါသည်။

Fintech မြန်မာ ၂ဝ၂ဝ ပြိုင်ပွဲအစီအစဉ်မှ အဓိကတွေ့ရှိရသည့် အချက် များမှာ ၁) မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးနည်းပညာပိုင်းကို သိသိသာသာ စိတ်ဝင်စားမှုရှိပြီး ပြည်တွင်း fintech ကုမ္ပဏီများ၏ စွမ်းရည်နှင့် လုပ်ဆောင်ချက်များ မြင့်မားကြောင်း၊ ၂) လက်ရှိ ငွေရေး ကြေးရေးပိုင်းဆိုင်ရာ ပံ့ပိုးပေးသူများ၊ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၊ fintech ကုမ္ပဏီများနှင့် အခြား မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် fintech ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ၃) ဖွံ့ဖြိုးရေးမိတ်ဖက်များသည် ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မူဝါဒပိုင်းဆိုင်ရာ အကောင်အထည်ဖော်ရာတွင် လွယ်ကူချောမွေ့မှုရှိ စေရန် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိ ကြောင်း တွေ့ရှိရ ပါသည်။

The DaNa Facility အနေဖြင့် fintech ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်လာစေ ရန် အချက် ၃ချက်ဖြင့် ပံ့ပိုးကူညီသွားပါမည်။ ၁) Innovation Office/Hub ဖွင့်လှစ်၍ fintech များအား ဆွေးနွေးပွဲများပြုလုပ်ရာတွင် အသုံးပြုစေပြီး တာဝန်ရှိသူများအနေဖြင့် ငွေရေးကြေးရေးပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို ပံ့ပိုးပေးနိုင်ခြင်း၊ ၂) ငွေရေးကြေးရေး ဆိုင်ရာ ပိုမိုလက်လှမ်းမီစေရန်နှင့် အခက်အခဲပြဿနာများ ဖြေရှင်းနိုင်ရန် အတွက် နည်းလမ်းများရှာဖွေနိုင်ရန် Fintech Innovation Lab တွင်ငွေရေး ကြေးရေးဆိုင်ရာ နည်းပညာများကို ကနဦးစမ်းသပ်ပြသနိုင်ရန် အလို့ငှာ ပံ့ပိုးပေးခြင်းနှင့် ၃) အမျိုးသားအဆင့် fintech နှင့်ငွေရေးကြေးရေးပိုင်း
ဆန်းသစ်တီထွင်မှုဆိုင်ရာ အသိပညာများအကြောင်း စဉ်ဆက်မပြတ်မျှ ဝေနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုများနှင့်တွေ့ဆုံဆွေးနွေးမှုများကို မြှင့်တင် ရန်အတွက် fintech စက်မှုလုပ်ငန်းအသင်းကို ပံ့ပိုးမှုများ လုပ်ဆောင်ရန် အစီအစဉ် ရှိပါသည်။

“Fintech မြန်မာ ၂ဝ၂ဝ ပြိုင်ပွဲရဲ့ သဘောတရားကို ကျွန်တော်တို့ အလွန် သဘောကျပါတယ်၊ အဲဒါက fintech ကုမ္ပဏီတွေအနေနဲ့ မြန်မာ့ ဘဏ္ဍာရေးဝန်ဆောင်မှုပေးသူတွေကို သူတို့ရဲ့ ဖြေရှင်းနည်းတွေ ပြနိုင်ဖို့ ပိုပြီးအခွင့်အရေးပေးနိုင်လာမှာပါ။ ဒီပြိုင်ပွဲဟာဆိုရင် ငွေရေးကြေးရေး ဆိုင်ရာ နည်းပညာအသစ်တွေ၊ စီးပွားရေးလုပ်ငန်း မော်ဒယ်အသစ်တွေ ကို တွေ့မြင်စမ်းသပ်ဖို့ အခွင့်အလမ်းတစ်ခုပဲဗျ။ ငွေပေးချေမှုဘက်မှာ ဆိုရင် ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပိုမို လက်လှမ်းမီနိုင်ဖို့နဲ့ အပြန် အလှန် အကျိုးဖြစ်ထွန်းဖို့ ဒီလိုတီထွင်ဆန်းသစ်မှုကို တကယ်လိုအပ်တာ ပါ” ဟူ၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားပါသည်။

ပြီး။
အယ်ဒီတာများအတွက် မှတ်စုတို-

အသေးစိတ် ထပ်မံသိရှိလိုပါက DaNa Facility ပြန်ကြားဆက်သွယ်ရေး ဌာန၊ ဖုန်း +၉၅ ၉၇၈၂၅ဝဝ၇၅၂ (သို့) အီးမေးလ် danapress@danafacility.com ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

DaNa Facility အကြောင်း
DaNa Facility သည် ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) မှစတာလင်ပေါင် ၃၄.၉ သန်းထောက်ပံ့ ပေးထားသော ဆန်းသစ်တီထွင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေး အစီအစဉ်တစ်ခုဖြစ်ပြီး DAI ဥရောပနှင့် KPMG တို့က စီမံခန့်ခွဲပါသည်။ မေ ၂ဝ၁၆ မှ ဒီဇင်ဘာ ၂ဝ၂ဝ အထိ အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ပြီး အလှူငွေနှင့် နည်းပညာ ဆိုင်ရာ အကူအညီတို့ ပေးအပ်၍ အစိုးရ၊ စီးပွားရေးလုပ်ငန်းများ နှင့် အစု ရှယ်ယာရှင်များနှင့်အတူ လက်တွဲလုပ်ကိုင်ကာ အများနှင့် အကျုံးဝင်ပြီး တာဝန်ခံယူမှုရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးလျက် ရှိပါ သည်။ DaNa Facilityအကြောင်း နောက်ထပ် အချက်အလက်များ အတွက် www.danafacility.com ကို ဝင်ကြည့်ပါ။ DaNa Facility ကို Twitter | Facebook များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

UNCDF အကြောင်း
UNCDF သည် ၂ဝ၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး အထူးသဖြင့် ဝန်ဆောင်မှုမရရှိသော (သို့) အမျိုးသမီးများနှင့် ကျေးလက် နေပြည်သူများကဲ့သို့ ဝန်ဆောင်မှုအလွန်နည်းပါးစွာ ရရှိသောသူများ အတွက် အများနှင့် အကျုံးဝင်သော ငွေရေးကြေးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေသည့် စီမံကိန်း အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာအနှံ့တွင် UNCDF သည် ကမ္ဘာ့ ဖွံ့ဖြိုးမှုအနည်းဆုံး ၄၇ နိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများအတွက် အစိုးရပိုင်၊ ပုဂ္ဂလိကပိုင် ငွေရေးကြေးရေးဆိုင်ရာ အလုပ်များ ဆောင်ရွက်လျက် ရှိပါသည်။ UNCDF က ၎င်း၏ ငွေပင်ငွေရင်းပံ့ပိုးမှု၊ တိုင်းတာမှုတို့ဖြင့် “နောက်ဆုံးမိုင်” ငွေရေးကြေးရေးမော်ဒယ်များကို ပေးအပ်ခြင်းဖြင့် ဒေသတွင်း ဆင်းရဲမှုလျှော့ချပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရရှိရန် ပံ့ပိုးပေးပါသည်။ အထူးသဖြင့် အိမ်ထောင်စုအဆင့်တွင်အစိုးရနှင့် ပုဂ္ဂလိက အရင်းအမြစ်များကို ရယူခွင့်ပေးပါသည်။
နောက်ထပ် အချက်အလက်များအတွက် www.uncdf.org/en/myanmar တွင် ကြည့်ပါ။

ADB Ventures အကြောင်း
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ပြည့်စုံကြွယ်ဝသော၊ အများနှင့် အကျုံးဝင်သော၊ ခံနိုင်ရည်ရှိသော၊ ရေရှည်တည်မြဲသော အာရှနှင့် ပစိဖိတ်တစ်ခွင် ဖြစ်ပေါ်လာစေရန် အားသွန်ခွန်စိုက် ဆောင်ရွက်လျက် ရှိပါသည်။ ၂ဝ၁၈တွင် ကန်ဒေါ်လာ ၂၁.၆ ဘီလီယံ ပမာဏရှိ ချေးငွေနှင့် အလှူငွေများ ပေးအပ်ခဲ့သည်။ ၎င်းကို ၁၉၆၅ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးပိုင်ဆိုင်ကာ – ၄၉ဦးက ဒေသတွင်းမှ ဖြစ် သည်။ ADB Ventures သည် ADB ၏ နည်းပညာအကူအညီ အစီအစဉ် ဖြစ်ပြီး နည်းပညာဆိုင်ရာ ဖြေရှင်းနည်းများ အသုံးပြုကာ ဥတုရာသီ ဆိုင်ရာ သက်ရောက်မှု၊ အများနှင့် အကျုံးဝင်သော ငွေရေးကြေးရေး လုပ်ငန်း၊ ကျန်းမာရေးနှင့် ကျားမ သာတူညီမှုတို့ကို ပေးစွမ်းနိုင်သော ရေရှည်တည်မြဲသည့် ဖွံ့ဖြိုးမှုများကို ဦးတည်ဆောင်ရွက်လျက် ရှိပါ သည်။ နောက်ထပ် အချက်အလက်များအတွက်
www.adbventures.org တွင် ကြည့်ပါ။