စီးပွားရေးလုပ်ငန်းဝန်းကျင်
ပြန်လည်ဖော်ဆောင်ခြင်း

ပြီးခဲ့သော ဆယ်စုနှစ်ကျော် ကာလအတွင်း မြန်မာအစိုးရက အရေးကြီးသော စီးပွားရေး လုပ်ငန်းဝန်းကျင် ပြန်လည် ဖော်ဆောင်မှု အများအပြားကို ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာခြင်း၊ ကုန်သွယ် စီးဆင်းမှု ပိုမိုချောမွေ့လာခြင်း၊ တဖြည်းဖြည်း ပွင့်လင်းလာသော ပြည်တွင်းစီးပွားရေးတို့နှင့်အတူ ဆင်းရဲနွမ်းပါးမှုကို သိသိသာသာ လျော့ချပေးပြီး ရေရှည်တည်မြဲသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရုပ်လုံးပေါ်စေပါသည်။

ဓနအဖွဲ့အစည်းသည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးခြင်း၊ လုပ်ငန်းသစ်စတင်မှုများကို ပံ့ပိုးပေးပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်း ဝန်းကျင်ကို ဖော်ဆောင်ရန် အစိုးရနှင့်အတူ ဆောင်ရွက်လျက်ရှိပါသည်။

ရင်းနှီးမြှုပ်နှံမှု နှင့်ကုန်သွယ်မှု မြှင့်တင်ခြင်း

မြန်မာနိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရင်းနှီးမြှုပ်နှံမှု နှင့်ကုန်သွယ်မှု မြှင့်တင်ရန်အတွက် ဓနအဖွဲ့ အစည်းက ပံ့ပိုးမှုအများအပြားကို ပေးအပ်ထားပါသည်။ ၂၀၁၉ တွင် DaNa သည် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကို ပူးတွဲကျင်းပခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) များကို နည်းပညာအကူအညီ ပံ့ပိုး၍ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများအတွက် အချက်အလက်များမျှဝေရန် web အခြေပြုစနစ်ကိုလည်း ရေးဆွဲထားပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အစိုးရအရာရှိများအတွက် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို နိုင်ငံတကာကုန်သွယ်ရေးဗဟိုဌာနနှင့် အတူပူးပေါင်း၍ ကျင်းပခဲ့ပါသည်။

သုတေသန
လေ့လာမှုများ

ပြုပြင်ပြောင်းလဲရေးကို ပံ့ပိုးပေးခြင်း

မြန်မာ့စီးပွားရေးဝန်းကျင် အညွှန်းကိန်း (Myanmar Business Environment Index – MBEI) ၂၀၁၉ အစီရင်ခံစာကို ထုတ်ဝေခဲ့ပြီး ပြည်နယ်၊ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့်များအထိ နိုင်ငံအနှံ့ ဖြန့်ဝေပေးခဲ့သည်။ နိုင်ငံတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ကောက်ယူထားသည့် မြန်မာနိုင်ငံ အတွင်း ပထမဆုံးစစ်တမ်းတစ်ခုအနေနှင့် MBEI က စီးပွားရေးအုပ်ချုပ်မှုကဏ္ဍ တိုးတက်စေရန် ဒေသန္တရနှင့် နိုင်ငံအဆင့်အုပ်ချုပ်သူများအတွက် လမ်းကြောင်းဖော် ဆောင်ပေးပါသည်။

အကောက်ခွန်ရုံး ကုန်လှောင်ရုံ အစီအစဉ် ၂၀၁၉ တွင် ဓနအဖွဲ့အစည်းသည် အကောက်ခွန်ရုံး ကုန်လှောင်ရုံ အကောင်အထည်ဖော်ရေး အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ မူဝါဒနှင့် စည်းမျဉ်းများ ချမှတ်ရာ တွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးခြင်းနှင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေ ရန် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။