ဓနအဖွဲ့အစည်းသည် ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့်ဖွံ့ဖြိုး ရေးရုံး (FCDO) မှစတာလင် ပေါင် ၃၄.၅ သန်း ထောက်ပံ့ငွေရရှိ ထားသော ဆန်းသစ်တီထွင်သည့် ပုဂ္ဂလိကကဏ္ဍ အစီအစဉ်တစ်ခု ဖြစ်ပြီး ၂ဝ၁၆ မှ ၂ဝ၂၂ ဒီဇင်ဘာအထိ အကောင်အထည်ဖော်သွား မည်ဖြစ်ပါသည်။ မြန်မာ့ စီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် ဆင်းရဲ နွမ်းပါးသူများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများ အားလုံးပါဝင်နိုင်ရန် အတွက် ဓနအဖွဲ့အစည်းက ပံ့ပိုးလျက်ရှိ ပါသည်။
ဓနအဖွဲ့အစည်းသည် DAI ဥရောပ၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍအသီးသီးတွင် လုပ်ကိုင်လျက် ရှိပါသည်။ နိုင်ငံတော် အစိုးရ၏ ဦးစားပေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။