ကျားမ တန်းတူညီမျှမှုနှင့်လူမှု
ပေါင်းစည်းပါဝင်ခြင်း

ကျားမ တန်းတူညီမျှမှုနှင့် လူမှုပေါင်းစည်းပါဝင်ခြင်းတို့သည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်အကျိုးခံစားခွင့်ရရှိပြီး တာဝန်ခံယူမှုရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန် အတွက် ဓနအဖွဲ့အစည်း၏ ကျောထောက်နောက်ခံပြုထား သော အခြေခံ သဘောတရားများ ဖြစ်သည်။

စီးပွားရေးနှင့် လူမှုဘဝတွင် ပါဝင်စေရန် အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် LGBT+ အသိုင်းအဝိုင်းအဖွဲ့ဝင်များ၏ အခွင့်အရေးကို ကာကွယ်ပေးခြင်းက စီးပွားရေးရာ ရင်းမြစ်နှင့် အခွင့်အလမ်းများကို လူတိုင်း အသုံးပြုခွင့်ရှိပြီး ဂုဏ်သိက္ခာ၊ လေးစားမှုတို့ ထားရှိဆက်ဆံသည့် ကောင်းမွန်သော လူမှုဝန်းကျင်အတွက် အရေးကြီးသည်ဟု ဓနအဖွဲ့အစည်းက ယုံကြည်ပါသည်။

သုတေသန
လေ့လာမှုများ

အကျိုးသက်ရောက်
မှုများ

အသေးစားငွေချေးလုပ်ငန်း အသုံးပြုသူ ၆ဝ% ကျော်သည် အမျိုးသမီးများဖြစ်သည်။

ဓနအဖွဲ့အစည်းက အမျိုးသမီး ဦးဆောင်သော ကုမ္ပဏီအသစ် ၁၂ ဖွဲ့စတင် တည်ထောင်နိုင်ရန် ပံ့ပိုးခဲ့သည်။

အမျိုးသမီးတောင်သူ
၂ ၈၈၄ ဦးခန့် ကောင်းမွန်သော စိုက်ပျိုးရေးနည်းလမ်းများ (GAP) ကို အသုံးပြုလျက် ရှိသည်။

ဓနအဖွဲ့အစည်းက ၂ဝ၁၉ ဒီဇင်ဘာအထိ စုစုပေါင်း အမျိုးသမီး ၃၉၇ ၉၉၂ ဦးကို ပံ့ပိုးထားပါသည်။

“စီမံကိန်းကနေတစ်ဆင့် ပိုကောင်းတဲ့ စိုက်ပျိုးရေး နည်းလမ်း တွေကို လေ့လာခဲ့ရပြီး အရည်အသွေးမြင့်တဲ့ သီးနှံ မျိုးစေ့တွေ ရရှိခဲ့ပါတယ်။ အခုဆိုရင် ကျွန်မရဲ့ ဝင်ငွေက ဆယ်ဆကျော် တိုးလာပါပြီ။”

မခိုင်ခိုင်ညွှန့်၊ ဓနအဖွဲ့အစည်းက ငွေကြေးပံ့ပိုးထားသော East-West Seed ၏ ရခိုင်ပြည်နယ်ရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် ဈေးကွက်ဖွံ့ဖြိုးရေး (TVeg) စီမံကိန်းတွင် ပါဝင်သူ။

လုပ်ငန်းဆောင်တာများ

အသိပညာနှင့် ကျွမ်းကျင်မှုများ တိုးမြှင့်ပေးခြင်း

ဓနအဖွဲ့အစည်းသည် ကောင်းမွန်သော စိုက်ပျိုးရေး နည်းစနစ်များ (GAP)၊ ဈေးကွက်ချဲ့ထွင်ရေးနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေးတို့အတွက် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအထိ အမျိုးသမီး ၁၄ ၆၂၃ ဦး သင်တန်း ရရှိရန် ပံ့ပိုးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် ကျား/မ တန်းတူညီမှုနှင့် လေးစားမှုရှိသော အလုပ်ခွင်ဆိုင်ရာ သင်တန်းများလည်း ပါဝင်ပါသည်။

အမျိုးသမီးအဖွဲ့များ အားကောင်း ခိုင်မာလာစေခြင်း

ကျေးရွာအဆင့်တွင် အမျိုးသမီးအဖွဲ့ အသစ်များ ဖွဲ့စည်း နိုင်ရန် ပံ့ပိုးပေးပြီး သီးနှံထွက်ကုန်များ စုပေါင်းရောင်းချမှု မှတစ်ဆင့် အမျိုးသမီးအဖွဲ့ဝင်များ ဝင်ငွေတိုးပွားစေရန် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည်ကို ဟန့်တား စေမည့် အတားအဆီးများကို လျှော့ချပေးခြင်း

ဓနအဖွဲ့အစည်းသည် ရပ်ရွာခေါင်းဆောင်များနှင့်အတူ ကျေးရွာဖွံ့ဖြိုးရေး လှုပ်ရှားမှုများတွင် ကျား/မ တန်းတူညီ မှုရှိစေရန် ဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာရေးအဖွဲ့အစည်း များနှင့်လက်တွဲ၍ စိုက်ပျိုးရေးဆိုင်ရာချေးငွေများကို အမျိုးသမီးများ ပိုမိုလက်လှမ်းမီလာရန် ဆောင်ရွက်လျက် ရှိပါသည်။

မူဝါဒပိုင်းဆိုင်ရာ တိုက်တွန်းလှုံ့ဆော်ခြင်း

ဓနအဖွဲ့အစည်းသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးမူဘောင်ကို ပြန်လည်ပြင်ဆင်ရာတွင် ကျား/မတန်းတူညီမျှရေးကဏ္ဍ ပါဝင်လာအောင် ထောက်ပံ့ပေးပြီး အမျိုးသမီးများ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့တွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း အကောင်အထည်ဖော်ရေးကို ပံ့ပိုး ပေးနေပါသည်။

OUR STORIES

ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအတွက် အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်မှု

စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်စေခြင်းက ရေရှည်တည် တံ့ပြီး ခိုင်မာတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပါတယ်။ လုပ်ငန်း တစ်ခုမှာ လုပ်ငန်းရှင်၊ ဝန်ထမ်းနဲ့ စားသုံးသူအဖြစ် အမျိုးသမီးတွေ အညီ အမျှ ပါဝင်နိုင်ခြင်းက စီးပွားရေး၊ လူမှုဝန်းကျင်နဲ့ နိုင်ငံအတွက် ကောင်းမွန်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး နံယောကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်အားပေး ....

read more

စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများနှင့် ဗဟုသုတများ မျှဝေခြင်းဖြင့် ရှမ်းပြည်နယ်မှ အမျိုးသမီးတောင်သူများ၏ စွမ်းဆောင်ရည် မြှင့်တင်

"လယ်ယာစိုက်ပျိုးတာက ကျွန်မဘဝရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း ပါပဲ" ဟု ဒေါ်မီးငယ်က ပြောပါသည်။ "ကလေးဘဝက အဖေ့ကို လယ်ထဲ လိုက်ကူပေးခဲ့တာ အခုဆိုရင် ကျွန်မတို့ ရွာထဲ သီးနှံစိုက်ပျိုးသူများ အသင်းရဲ့ ဒု-ဉက္ကဌဖြစ်နေပါပြီ။"' ရှမ်းပြည်တောင်ပိုင်း လွယ်မွန်ရွာမှ အသက် ၃၅ နှစ်ရှိ ဒေါ်မီးငယ်သည် ခင်ပွန်း၊ ....

read more

မသန်စွမ်းသူများ အလုပ်အကိုင်ဖန်တီးရေးအတွက် UK aid ကပံ့ပိုးပေးလျက်ရှိ

၂၂ အရွယ်ရှိ ကိုလွင်မိုးအောင်တစ်ယောက် လောကဓံ ရိုက်ခတ်မှုကို သူ့တစ်သက်တာနီးပါး ခံစားခဲ့ရသည်။ အသက် ၇ နှစ် အရွယ်တွင် ညာဖက် ခြေထောက်တစ်ပိုင်း ကင်ဆာရောဂါကြောင့် ဖြတ်လိုက်ရပါသည်။ ခြေထောက်ဖြတ်ပြီး နှစ်အနည်းငယ်အကြာ ဖခင်ဆုံးပါးသွားခဲ့ပြီး မွန်ပြည်နယ် သထုံမြို့တွင် မိခင်၊ အစ်မများ နှင့်သွားရောက်နေထိုင်ခဲ့ပါသည်။ ၂ဝ၁၇ခုနှစ်တွင် ကင်ဆာကြောင့် ....

read more