စိုက်ပျိုးရေး
‘ကော်ဖီ၊ ထောပတ်နှင့်ဝဥစိုက်ပျိုး ထုတ်လုပ်မှုတန်ဖိုး ကွင်း ဆက် မြှင့်တင်ခြင်းမှတစ်ဆင့် တောင်တန်းဒေသနေသူ များ၏ စီးပွားရေးစွမ်းဆောင်ရည်တိုးမြှင့်ပေးခြင်း’ (CAEFY) စီမံကိန်း ကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း (MFVP) က အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ စီမံကိန်းသည် ချင်းနှင့် ရှမ်းပြည်နယ်ရှိ တောင်တန်းဒေသ တွင် နေထိုင်သူ အနည်းဆုံး တောင်သူငယ် ၂၀၀၀ အတွက် အလုပ်အကိုင်၊ ဝင်ငွေနှင့် သက်မွေးဝမ်းကျောင်းများ ဖွံ့ဖြိုးစေရန် ရည်ရွယ်ပါသည်။
ကယား ဝက်မွေးမြူရေးလုပ်ငန်း-ဝက်မွေးမြူရေးမှတစ်ဆင့် အများပါဝင် အကျိုးခံစားခွင့်ရှိသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း (PIGS) စီမံကိန်းကို De Heus မြန်မာကုမ္ပဏီ ကအကောင်အထည် ဖော်ဆောင်ရွက်ပါသည်။ ဝက်မွေးမြူ ရေး တိုးပွားရန်နှင့် ဈေးကွက်လိုအပ်ချက် မြင့်မားလာသည့် ဝက်နှင့်ပတ်သက်သော ထုတ်ကုန်များအတွက် ဝက်မွေးမြူ သူများကို ပံ့ပိုးပေးသည်။
မာန်အောင်ရတနာ အုန်းသီးထုတ်လုပ်ရေးစက်ရုံ စီမံကိန်း သည် ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းတွင် ပထမဆုံး ဖြစ်သည့် အဓိက ထုတ်လုပ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး မြဧရာ ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အုန်သီးစိုက်ပျိုးတဲ့ ဒေသခံများ အတွက် သက်မွေးဝမ်းကျောင်းမှုများ ပိုမိုတိုးမြှင့်ပေးပြီး အုန်းသီး စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တစ် လျှောက် အလုပ်အကိုင်များ ဖန်တီးပေးသည်။
အသေးစား ရာဘာစိုက်ပျိုးသူများအတွက် ရေရှည် တည်တံ့ သော အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးမှု စီမံကိန်း မှတစ်ဆင့် ထားဝယ်ရွှေပြည်ကုမ္ပဏီလီမိတက်အနေဖြင့် အသေးစား လုပ်ကိုင်ထုတ်လုပ်သူများကို သစ်တော လုံးဝမပြုန်းတီးရေး သတ်မှတ်ချက်များ ပါဝင်သည့် ရေရှည်ခံပြီး ထွက်နှုန်းများ သော စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ သင်တန်းပေးရန် နှင့် ရေရှည်တည်တံ့သည့် ရာဘာထုတ်လုပ်ရေး စက်ရုံ ထူထောင်လည်ပတ်ရန် WWF က နည်းပညာပိုင်းကို ပံ့ပိုး ပေးပါသည်။ စက်ရုံ၏ ထုတ်ကုန်များဖြင့် နိုင်ငံတကာ တန်ဖိုးမြင့်ဈေးကွက်များမှ အဝယ်တော်များကို ဆွဲဆောင် ရန် ရည်ရွယ်ပါသည်။
မြန်မာ့ရိုးရာ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းကဏ္ဍ တည်ဆောက်ခြင်း စီမံကိန်းကို Myanmar Artisans ကုမ္ပဏီ နှင့် Turquoise Mountain Trust တို့က ပူးပေါင်း အကောင်အထည် ဖော်ထားပါသည်။ စီမံကိန်းက မြန်မာ နိုင်ငံ၏ အမျိုးမျိုးသော အထည်အလိပ်ထုတ်လုပ်သူများကို နိုင်ငံတကာ ဈေးကွက်များတွင် ယှဉ်ပြိုင်ခွင့်ပေးပြီး ရွေးချယ် ထားသော လက်မှုပညာသည်များအတွက် သင်တန်းပေး ခြင်းနှင့် ကျွမ်းကျင်မှု မြှင့်တင်ပေးခြင်းတို့ဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပါသည်။
ပိုးချည်မျှင်လုပ်ငန်းကို ပြန်လည်အသက်သွင်းခြင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းကို Pragma Ventures မြန်မာ နှင့်အရုဏ်ဦး လူမှုဖွံ့ဖြိုးရေးအသင်းတို့က အကောင် အထည်ဖော်ပါသည်။ ချင်းပြည်နယ်တွင် ပိုးစာပင်များ စိုက် ပျိုးခြင်းနှင့် ရန်ကုန်တွင် ယက်ကန်းရုံ စတင်ခြင်းမှတစ်ဆင့် မြန်မာ့ပိုးချည် လုပ်ငန်းကို ပြန်လည်အသက်သွင်းရန် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် အော်ဂန်းနစ်ချည် တန်ဖိုးကွင်းဆက်များ ရေရှည်တည်တံ့ရေး စီမံကိန်းကို Sense Organic Import၊ Trading GmbH နှင့်Armstrong Spinning Mills ပုဂ္ဂလိက ကုမ္ပဏီလီမိတက်တို့က အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိပါသည်။ (၁) အိန္ဒိယမှ အရည်အသွေးပိုကောင်းသော မျိုးစေ့များ တင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်း (၂) တောင်သူများကို ရွေးချယ်၍ အရည်အ သွေး ပိုကောင်းသော မျိုးစေ့များ ပေးအပ်ခြင်းနှင့် (၃) သီး ညှပ်စိုက်ပျိုးရေး စနစ်များနှင့် ကောင်းမွန်သော စိုက်ပျိုးရေး နည်းစနစ်များ ချဲ့ထွင်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ တွင် non-GM များ၊ အသိအမှတ်ပြု အော်ဂန်းနစ်ချည် ပိုမို ကျယ်ပြန့်လာစေရန် စီမံကိန်းက ရည်ရွယ်ပါသည်။
မန္တလေး၊ ပဲခူးနှင့် ရန်ကုန်တိုင်း ဒေသကြီးများတွင် ဆန်းသစ် တီထွင်သော အသေးစားချေးငွေနှင့် စိုက်ပျိုးရေးနည်းလမ်း များမှတစ်ဆင့် မသန်စွမ်းသူများ၏ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှု ရရှိစေမည့် စီမံကိန်းကို Leprosy Mission မြန်မာက အကောင်အထည်ဖော် ဆောင်ရွက်ထားပါသည်။ စီမံကိန်းက ၎င်း၏ အလုပ်အကိုင်ရှာဖွေ မိတ်ဆက်ပေးသူ များ၊ သက်မွေးမှု လေ့ကျင့်ရေးစင်တာများနှင့် ချိတ်ဆက် မှုများမှတစ်ဆင့် ရန်ကုန်၊ ပဲခူးနှင့် မန္တလေးရှိ မသန်စွမ်းသူ များအတွက် အများပါဝင် အကျိုးခံစားခွင့်ရှိသော အလုပ် အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးပါသည်။
ဒီဂျစ်တယ်စနစ်အားဖြင့် ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် အားလုံးပါဝင်နိုင်စေမည့် စီမံကိန်း ကို Vision Fund မြန်မာက အကောင်အထည် ဖော်ထားသည်။ ဘဏ်လုပ်ငန်းမရရှိသေးသူများ အထူးသဖြင့် အမျိုးသမီး များ၊ ရွှေ့ပြောင်းလုပ်သားများ၊ တောင်သူငယ်များ၊ သမာရိုး ကျမဟုတ်သောလုပ်ငန်းများ နှင့် အသေးစားလုပ်ငန်းများ ကဲ့သို့ အကျိုးခံစားခွင့် နည်းပါးသူများထံသို့ ငွေရေးကြေး ရေးဝန်ဆောင်မှုများ ပိုမိုရောက်ရှိစေရန် စီမံကိန်းက မိုဘိုင်း ငွေကြေး ဖြေရှင်းချက်များကို ရေးဆွဲလျက်ရှိသည်။
SME များ၏ သွင်းအားစု ဈေးကွက်များတွင် ငွေကြေးပံ့ပိုးခြင်း စီမံကိန်းကို Thura Swiss (မြန်မာ) ကုမ္ပဏီလီမိတက် နှင့် Seedstars World Sa တို့ အကောင် အထည်ဖော်ထားသည်။ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးမှု ပိုမိုမြင့်မား စေရန်အတွက် SME များကို ပစ်မှတ်ထားသော နည်းပညာ ပလက်ဖောင်းမှတစ်ဆင့် အသုံးပြုသူများအား ငွေတောင်းခံ လွှာများကို အလုပ်လည်ပတ်ငွေအဖြစ်သို့ ပြောင်းလဲနိုင်မည့် ဈေးလျှော့သည့် နည်းစနစ်များ ဖော်ဆောင်ရန် ရည်ရွယ်ပါ သည်။
ဖန်တီးရာအဖွဲ့အစည်းက မြန်မာနိုင်ငံရှိ အများနှင့်အကျုံး ဝင်သော စီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် နည်းပညာ အသုံးပြုဆောင်ရွက်သာ စီမံကိန်းကို အကောင် အထည်ဖော် ထားပါသည်။ ၎င်းတို့၏ လက်ရှိ အစပျိုးခါစ နှင့် အရှိန်မြင့်လာသော ပရိုဂရမ်များမှတစ်ဆင့် အများပါဝင် အကျိုးခံစားမှုရှိသော စီးပွားရေးလုပ်ငန်းများ/ လူမှုရေး လုပ်ငန်းများကို စီမံကိန်းက ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့ပြင် စိုက်ပျိုးရေးနည်းပညာ၊ ငွေရေးကြေးရေးဆိုင်ရာနည်းပညာ၊ ကျန်းမာရေး၊ ပညာရေးနှင့် အများပါဝင် အကျိုးခံစားမှုရှိ သော စီးပွားရေးလုပ်ငန်း ကဏ္ဍများအတွင်း စီမံကိန်း ၁၀-၁၅ ခုကို အရှိန်မြှင့်တင်ပေးရန် စီစဉ်ထားပါသည်။