အများပါဝင် အကျိုးခံစားမှုရှိသော
စီးပွားရေးလုပ်ငန်းများ

ဓနအဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် အများပါဝင် အကျိုးခံ စားမှုရှိသော စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပံ့ပိုးရန်အတွက် ဦးဆောင် အားထုတ်ကြိုးပမ်းလျက်ရှိသည်။

ဆင်းရဲနွမ်းပါးသူများ၊ အမျိုးသမီးများ၊ ပဋိပက္ခသက်ရောက် သည့် ဒေသများ နှင့် ဝေးလံခေါင်ဖျားဒေသများတွင် နေထိုင် သူများကဲ့သို့ လူမှုရေးနှင့် စီးပွားရေး အခွင့်မသာသော အုပ်စု များအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီး ပေးခြင်းဖြင့် အများပါဝင် အကျိုးခံစားမှုရှိသော စီးပွားရေး လုပ်ငန်းများက ဆင်းရဲနွမ်းပါးမှုကို လျော့ချပေးပါသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးက အများပါဝင် အကျိုးခံစားမှု ရှိသော စီးပွားရေးလုပ်ငန်းအတွက် အဓိကကျပြီး ဤဆန်းသစ်တီထွင်သော စီးပွားရေးလုပ်ငန်းပုံစံက မြန်မာ နိုင်ငံအတွက် အောင်မြင်မှုကို အသွင်သုံးမျိုးဖြင့် ကိုယ်စားပြု ပေးပါသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချပြီး ရေရှည်တည်တံ့ သော တိုးတက်မှုရရှိစေရန် အစိုးရ၏ အားထုတ်မှုများကို ၎င်းကပံ့ပိုးပေးသည်။ ဆင်းရဲနွမ်းပါးသူများ နှင့်အကျိုးခံစား ခွင့်နည်းသူများ အနေဖြင့် မျှတသော စီးပွားရေးဆိုင်ရာ အကျိုးခံစားခွင့်များကို ရရှိစေပါသည်။ ထို့အပြင် လုပ်ငန်း ပိုင်ရှင်များ၊ ဝန်ထမ်းများ၊ သုံးစွဲသူများအဖြစ် လူတိုင်းပါဝင် နိုင်သည့် တက်ကြွသော စီးပွားရေးစနစ်ကို ဖော်ဆောင်ခြင်း ဖြင့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အကျိုးခံစားခွင့်ရရှိ စေပါသည်။

သုတေသန
လေ့လာမှုများ

ငွေကြေးထောက်ပံ့ခြင်း

၂၀၁၈ ခုနှစ်၏ ပထမသုံးလပတ်တွင် ဓနအဖွဲ့အစည်း၏ ဦးစားပေး ကဏ္ဍများဖြစ်သော စိုက်ပျိုးစီးပွားရေးလုပ်ငန်း၊ အထည်အလိပ်နှင့် ငွေကြေးဝန်ဆောင်မှုများတွင် လုပ်ကိုင် နေသည့် အများပါဝင် အကျိုးခံစားမှုရှိသော စီးပွားရေး လုပ်ငန်း ၁၁ ခုကို ငွေကြေးထောက်ပံ့ခဲ့ပါသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးနှင့် လုပ်ငန်းတိုးချဲ့ ကြီးထွားနိုင် ချေရှိသည့် အများပါဝင် အကျိုးခံစားမှုရှိသော စီးပွားရေး လုပ်ငန်း ၂ ခုကို ရန်ပုံငွေပေးအပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်း ဂေဟစနစ် ဖွံ့ဖြိုးရန် ပံ့ပိုးပေးခဲ့ပါသည်။

နည်းပညာအကူအညီ

ဓနအဖွဲ့အစည်းက အများပါဝင် အကျိုးခံစားမှုရှိသော စီးပွားရေးလုပ်ငန်းကို ပံ့ပိုးပေးရန် အတွက် နည်းပညာ အကူအညီအမျိုးမျိုးကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၉ ဧပြီ ၃ တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၏လမ်းညွှန်မှုဖြင့် စတင်ခဲ့သော အရေး ပါသော အစိုးရနှင့်ပုဂ္ဂလိက၏ ပဏာမခြေလှမ်းဖြစ်သည့် အများပါဝင်အကျိုးခံစားခွင့်ရှိသော စီးပွားရေးလုပ်ငန်းနှင့် လူမှုရေးကောင်းကျိုးသက်ရောက်သော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဦးဆောင်အဖွဲ့ကို စတင်ဖွဲ့စည်းရာတွင် ဓနအဖွဲ့အစည်းက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ အစိုးရအနေဖြင့် အများပါဝင်အကျိုးခံစားခွင့်ရှိသော စီးပွားရေးလုပ်ငန်းများကို တရားဝင် အသိအမှတ်ပြုမှုခြင်း/ အသိအမှတ်ပြု လက်မှတ်များပေးခြင်းနှင့် ယင်းလုပ်ငန်းများ ကို အများနှင့်ဆိုင်သော ဝယ်ယူရေးလုပ်ငန်းများတွင် ဦးစား ပေးရွေးချယ်ရန်အတွက် မူဝါဒပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို ဓနအဖွဲ့အစည်းက ဝိုင်းဝန်းပံ့ပိုးပေးလျက်ရှိပါသည်။

Our Stories

မြန်မာ့ယက်ကန်းခတ်သူများအား ရိုးရာအဆင်ဒီဇိုင်းများက နိုင်ငံတကာ အထည်အလိပ်ဈေးကွက်များသို့ ဝင်ရောက်ခွင့် ရရှိစေရန် ပံ့ပိုးပေးလျက်ရှိ

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,ဝဝဝ နီးပါးရှိသော ကုန်းမြေမြင့်တွင် ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ တည်ရှိသည်။ ယင်းမြို့ ပြင်ရှိ ရွာကလေးတွင် Pi Hram Hliang ကလက်ယက်ကန်းခတ် အတတ်ပညာကို ချင်းအမျိုးသမီးကြီး တစ်ဦးထံမှ သင်ယူခဲ့ခြင်း ဖြစ်ပါ သည်။ ထိုအမျိုးသမီးကြီးမှာ ရွာတွင် ယက်ကန်းခတ်သူ ....

read more

အနာဂတ် ရေရှည်တည်တံ့မှုအတွက် ရည်ရွယ်သော ဆန်းသစ်တီထွင် ပရိဘောဂလုပ်ငန်း

ကိုမစ်ကီ (မင်းစိန်) ဟာ သင်္ဘောသားအဖြစ် နှစ် ၂ဝ ကျော် ကမ္ဘာပတ်ခဲ့ပြီး သူ့အမျိုးသမီး မသီရိနှင့် မြန်မာနိုင်ငံမှာ အခြေချတဲ့အခါ လူမှုဝန်းကျင်အ တွက် အကျိုးပြုတဲ့အလုပ် လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံအနှံ့ သက်ရောက်မှု ရှိနေတဲ့ သစ်တောပြုန်းတီးမှုပြဿနာကို ကူညီမီးမောင်းထိုးပေးချင်တဲ့ ကိုမစ်ကီဟာ သူရဲ့ လက်သမားလုပ်ငန်း ....

read more

အများပါဝင် အကျိုးခံစားနိုင်သော စီးပွားရေးလုပ်ငန်းကြောင့် ရခိုင်ပြည်နယ်ရှိ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာ

၂ဝ၁၆ ခုနှစ် ကိုဇော်မင်းထွန်း အိမ်ပြန်လာခဲ့စဉ်က မာန်အောင် ကျွန်းမှာ ထူးထူးခြားခြား တိုးတက်ပြောင်းလဲမှု မရှိသေးပါ။ ပုံမှန် ဝင်ငွေရလုပ်ငန်း ရှားပါးပြီး အသက် ၃၃-နှစ်အရွယ်ရှိ ကလေး၄ ယောက်အဖေ ကိုဇော်မင်းထွန်းသည် မိသားစု စားဝတ်နေရေး အတွက် အလုပ်ကြမ်းတစ်ခုပြီး တစ်ခု လုပ်ခဲ့ရပါသည်။ ကိုဇော် ကဲ့သို့ ....

read more

အသိပညာနှင့် ဗဟုသုတ မျှဝေခြင်း

အများပါဝင် အကျိုးခံစားမှုရှိသော စီးပွားရေးလုပ်ငန်းကို မြှင့်တင်ခြင်းက ဓနအဖွဲ့အစည်း၏ အဓိက လုပ်ငန်းကဏ္ဍ တစ်ခု ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဓနအဖွဲ့ အစည်းနှင့် မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်း တို့ ပူးပေါင်းပြီး ကောင်းမွန်သော လူမှုဝန်းကျင် သက်ရောက်မှုများ ဖန်တီးရန်အတွက် အများပါဝင် အကျိုးခံစားမှုရှိသော စီးပွားရေးလုပ်ငန်းများ ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ယင်းလုပ်ငန်းများကို အသိအမှတ်ပြုခြင်းနှင့် ဆုပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် BoP Inc နှင့် လက်တွဲ၍ ဓနအဖွဲ့ အစည်း၏ မိတ်ဖက်အဖွဲ့အစည်းများ၊ အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များအတွက် အများ ပါဝင် အကျိုးခံစားမှုရှိသော စီးပွားရေးလုပ်ငန်း ဆိုင်ရာ သင်တန်းများကို ဆက်တိုက်ကျင်းပခဲ့သည်။